Thursday, April 3, 2014

၁၇။ ဂျဟန္နမ်ကျခံရမည့်သူများ


အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ်ဗင်န်အားဆွ်(ရသွေ့)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) သည် ဂျဟန္နမ်အကြောင်းပြောဆိုရင်း ဤသို့အမိန့်ရှိခဲ့သည်။ ဂျဟန္နမ်ကျခံရမည့်သူများတွင် အခ်လာက်အကျင့်မူအားဖြင့် ရိုင်းစိုင်းကြမ်းတမ်းကြသူများ၊ ဟိတ်ကြီးဟန်ကြီးနှင့် လမ်းလျှောက်ကြသူများ မာနထောင်လွှားကြသူများ ဥစ္စာပစ္စည်းကို ကောင်းစွာရှာဖွေစုဆောင် ကြသူများ (ပြီးနောက်)၎င်းတို့ကို ကောင်းစွာသိမ်းဝှက်ကြသူများ၊(ဆိုလိုသည်မှာ လိုအပ်နေသူများအား ကူညီထောက်ပံ့ခြင်းမပြုကြသူများ)ဖြစ်ကြသည်။ ၎င်းနောက်ဆက်လက်၍ (ဂျန္နသီ) ဂျန္နတ်ထဲသို့ ၀င်ရောက်ခံစားမည့်သူများမှာ ချည့်နဲ.နိမ့်ကျသူများဖြစ်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ အကျင့်အမူသည် လူအများနှင့်ဆက်ဆံရာတွင် နိမ့်ကျရိုကျိုးကြသဖြင့် တစ်ဖက်သား၏ လွှမ်းမိုးမှုနှင့် အနိုင်ကျင့်မှုကို အမြဲခံကြရသည်။ ဆိုလိုသည်မှာ လူအများက ဤသူအား ချည့်နဲ.သူ ၊မစွမ်းသူ၊ နိမ့်ကျသူဖြစ်သည်ဟု ယူဆပြီး အနိုင်ကျင့် ခြိမ်းခြောက် လွှမ်းမိုးကြသည်။

Wednesday, March 12, 2014

၁၆။ ဂျန္နသီ နှင့် ဂျဟန္နမီ

ဟဇရသ် ဟာရေစဟ်ဗင်န်ဝဟဗ်(ရသွေ့) က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွ) ဤသို့အမိန့်တော်ရှိတော်မူသည်ကို ကြားခဲ့ရသည်။ ဂျန္နသ်ရရှိမည့်သူ (ဂျန္နသီ) ဟူသည် အဘယ်သူဖြစ်သည်ကို အသင်တို့အား ငါတမန်တော်မပြသရပေဘူးလားဟု မေးမြန်းတော်မူသည်။ ပြီးနောက်ကိုယ်တော်မြတ်(ဆွ) ကပင် ဖြေကြားမိန့်ဆိုတော်မူသည်မှာ အားအင်ချည့်နဲ့သူ တိုင်း ဆိုလိုသည်မှာ ပေါင်းသင်းဆက်ဆံကြရာ၌ ကြမ်းတမ်းမာကြောမှုမရှိဘဲ ရိုကျိုးသူ ၊ ၎င်းအပြင် နူးညံ့သိမ်မွေ့သူများဖြစ်ကြသည်။ ဤအတွက်ကြောင့်ပင် လူအများကလည်း ဤသူများကို အားအင်ချည့်နဲ့သူများဟု ထင်မြင်ယူဆနေကြသည်။ (ဤသူများသည် အလ္လာဟ်(စွဗ်ဟာနာသအာလာ) နှင့်မူ ဤသို့ဆက်သွယ်မှုရရှိထားကြသည်) အကယ်၍ ထိုသူများသည် ကိစ္စတစ်ခုနှင့် ပတ်သတ်၍ အလ္လာဟ်(စွဗ်ဟာနာသအာလာ) ၏ ကစမ်ဟု ကျိန်ဆိုခဲ့လျှင် (ဆိုလိုသည်မှာ ဤကိစ္စသည် ဤသို့ပင်ဖြစ်သည်ဟု)အလ္လာဟ်(စွဗ်ဟာနာသအာလာ) သည် ၎င်းတို့ ကျိန်ဆိုထားသောကစမ်၏ အိဇ်ဇသ်ကို ထိန်းပြီး ၎င်းသူဆိုခဲ့သော စကားကို မုချဧကန်ဖြည့်စွမ်းပေးတော်မူလိမ့်မည်။ ၎င်းနောက် ဂျဟန္နမ်ကျမည့်သူ အဘယ်သူဖြစ်သည်ကို ငါတမန်တော်မပြသရပေဘူးလားဟု မေးတော်မူ၍ (တမန်တော်မြတ် (ဆွ)ကိုယ်တိုင်ပင် ဖြေကြားမိန့ှ်ဆိုတော်မူသည်မှာ စေးနှဲတွန့်တိုပြီး ဥစ္စာပစ္စည်းရှာဖွေစုဆောင်းသူတိုင်းနှင့် ကြမ်းတမ်းမာကြောသော အခ်လာက်အကျင့်အမူရှင်များ ၊ ၎င်းပြင် မာနထောင်လွှာ သူများဖြစ်ကြသည်။ (ဗုခါရီ)

Monday, February 24, 2014

၁၅။မရှိဆင်းရဲသားများအကြား

ဟဇရသ် အဗူဒရ်ဒါအ်( ရဒွိယလ်လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) ဤသို့ အမိန့်ရှိသည်ကို ကြားခဲ့သည်။ ငါတမန်တော်ကို မရှိဆင်းရဲသားများ၊ ချည့်နဲ့သူများအကြား၌ ရှာဖွေပါ။ အကြောင်းမှာ အသင်တို့အထဲမှ အားအင်ချည့်နဲ့သူများကြောင့်သာ အသင်တို့ ရိုဇီရိက္ခာရရှကြသည်။ ၎င်းအပြင်  အသင်တို့ အကူအညီများလည်း ရရှိကြသည်။(အဗူဒါဝူဒ်)

၁၄။ရိုဇီချီးမြှင့်ခံရသည့် အကြောင်းခံ

ဟဇရသ် မွတ်စ်အဗ်ဗင်န်စအဒ် (ရဒွိယလ်လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ (၎င်း၏ဖခင်) ဟဇရသ်စအဒ် (ရဒွိယလ်လာဟုအန်ဟု) က မိမိတို့ထက် (ဥစ္စာပစ္စည်း အရလည်းကောင်း၊ ရဲစွမ်းသတ္တိအရလည်းကောင်း) နိမ့်ကျသူများထက် မိမိက သာပိုမွန်မြတ်သည်ဟု ယူဆနေသည်။ (၎င်း၏ထင်မြင်ယူဆချက်များကို ပြုပြင်ပေးရန်ဆန္ဒဖြင့်) တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လာမ်) က ဤသို့အမိန့်ရှိတော်မူသည်။ အသင်တို့သည် ဆင်းရဲနွမ်းပါသူများ၊ အဖော်မဲ့ အားနည်းချည့်နဲ့သူများ အကူအညီမဲ့နေသူများ၏ ဗရ်ကသ်ဖြင့် အကူအညီရရှိကြသည်။ ၎င်းအပြင် အသင်တို့ ရိုဇီရိက္ခာချီးမြှင့်ခြင်းခံကြရသည်။ (ဗုခါရီ)

Sunday, February 23, 2014

၁၃ ။ သူဆင်းရဲက သာပိုမြတ်



ဟဇရသ် စဟလ်ဗင်န်စအဒ်စာအေဒီ (ရဒွိယလ်လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အနီးမှ ဖြတ်သန်းသွားသောအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အနီး၌ထိုင်နေသူတစ်ဦးအား အသင် ဤပုဂ္ဂိုလ်နှင့်ပတ်သတ်၍ အဘယ်သို့ထင်မြင်ပါသနည်းဟု မေးတော်မူရာ ၎င်းက အိဇ်ဇသ်ရှိသူများအနက်မှဖြစ်ပါသည်။ အလ္လာဟ်(စွဗ်ဟာနာဝသအာလာ)၏ကစမ်၊ အကယ်၍တစ်စုံတစ်ဦးထံသို့ နိကာဟ်ပြုရန် ကမ်းလှမ်းလျှင်လည်း မုချလက်ခံခြင်းခံရမည်သာဖြစ်ပါသည်။ ၎င်းပြင် တစ်ဦးတစ်ယောက်ကို ကြားဝင်အသနားခံပေးလျှင်လည်း ၎င်း၏ ကြားဝင်အသနားခံပေးမှု.ကို မုချလက်ခံမည်သာ ဖြစ်ပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤစကားကို ကြားပြီး နှုတ်ဆိတ်နေတော်မူသည်။ ထို့နောက်တွင် အခြားသူတစ်ဦးသည်လည်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အနီးအပါးမှ ဖြတ်သန်းသွားသောအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ၎င်းသူကိုပင် အသင်သည် ဤသူနှင့် ပတ်သတ်၍ အဘယ်ကဲ့သို့ ထင်မြင်ယူဆပါသနည်းဟု မေးမြန်းတော်မူရာ ၎င်းက အိုအလ္လာဟ်၏တမန်တော်၊ ဤသူသည် မရှိဆင်းရဲသား မွတ်စ်လင်မ်တစ်ဦးသာဖြစ်ပါသည်။ အကယ်၍ တစ်စုံတစ်ဦးအား နိကာဟ်အတွက် ကမ်းလှမ်းလျှင်လည်း လက်ခံကြလိမ့်မည်မဟုတ်ပါ။ အကယ်၍ စကားတစ်စုံတစ်ရာပြောလျှင်လည်း ထိုစကားကို လက်ခံနားထောင်ကြလိမ့်မဟုတ်ချေ။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အမိန့်ရှိတော်မူသည်။ အကယ်၍ ပထမ ပုဂ္ဂိုလ်ကဲ့သို့သူများဖြင့် ဤဒွန္နယာတစ်ခုလုံး ပြည့်နေသော်လည်း ၎င်းပုဂ္ဂိုလ်များထက် ဒုတိယ ပုဂ္ဂိုလ်က သာပိုထွတ်မြတ်ပေသည်။

Saturday, February 22, 2014

၁၂ ။ ကစမ်ကိုပြည့်ဝစေမည်။

ဟဇရသ် အနတ်စ်ွ်(ရဒွိယလ်လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်  (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အမိန့်ရှိတော်မူသည်။ ရှုပ်ပွနေသောဆံပင်၊ဖုန်လူးပေနေသော အ၀တ်စားနှင့်ဟောင်းနွမ်းစုတ်ပြတ်နေသော စောင်ကို ခြုံထားသောသူ၊လူအများ၏ တံခါးဝမှ နှင်ထုတ်ခြင်းခံရသောသူများ၊အကယ်၍သာ(ထိုသူများသည်) အလ္လာဟ်(စွဗ်ဟာနာဝသအာလာ)(အပေါ် ယုံကြည်အားကိုးပြီး) တစ်စုံတစ်ရာကို ကစမ်ကျိန်ဆို ခဲ့လျှင် အလ္လာဟ်(စွဗ်ဟာနာဝသအာလာ)သည် မုချဧကန် ထိုကျိန်ဆိုထားသော ကစမ်ကို ပြည့်ဝစေလိမ့်မည်။(သွဗ်ရာနီ)

ရှင်းလင်းချက်။   ။ ဤဟဒီးဆ်တော်၏ ဆိုလိုချက်မှာ အလ္လာဟ်(စွဗ်ဟာနာ ၀သအာလာ) ၏ အချို့သောဗန္ဒဟ်ကျေးကျွန်များကို ၎င်းတို့၏ပေနေသော အ၀တ်အစား၊ရှုပ်ပွနေသောဆံပင်များကို ကြည့်ပီး မိမိထက်အဆင့်အတန်းနိမ့်ကျသူဟု မယူဆသင့်ချေ။ အကြောင်းမှာ ဤသို့နေထိုင်ဝတ်စား ကြသူများထဲတွင် အလ္လာဟ်(စွဗ်ဟာနာ ၀သအာလာ) ၏ သီးခြားသော ဗန္ဒဟ်ကျေးကျွန်များလည်း ပါဝင်ကြသောကြောင့်ဖြစ်ပေသည်။ သို့ရာတွင် ဤဟဒီးဆ်က လူအများအား ဤသို့ရှူပ်ပွသောဆံပင်၊ညစ်ပေနေသောအ၀တ်အစားများနှင့် နေထိုင်ကြရန် တိုက်တွန်းထားခြင်းမဟုတ်ချေ။ (မအာရေဖွလ်ဟဒီးဆ်)

Tuesday, February 18, 2014

၁၁။ နွမ်းပါးသူကိုချစ်ခင်ကြ

         ဟဇရသ် အဗူဟုရိုင်ရဟ်(ရဒွိယလ်လာဟုအန်ဟု) က  ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟု အလိုင်ဟိဝစလ္လမ်) အမိန့်ရှိတော်မူသည်။ မရှိဆင်းရဲနွမ်းပါးသူများကို ချစ်ခင်ကြ၊ ၎င်းတို့နှင့်အတူထိုင်ကြ၊ အရဗ်များကို နှလုံးသားမှ အချစ်ထားကြကုန်။ အသင်တို့အထဲ ၌ ရှိနေသော ချို့ယွင်းအားနည်းချက်များသည် အခြားသူအား အထင်သေးခြင်း၊ ပြောင်လှောင်သရော်ခြင်းမှ ဟန့်တားစေရပေမည်။(ဟာကင်မ်)

Monday, February 17, 2014

၁၀။ဗန္ဒဟ်ကို ချစ်ခင်နှစ်သက်လာလျှင်

             ဟဇရသ် ရာဖိအ်ဗင်န်ခုဒိုက်ဂ်ျ( ရဒွိယလ်လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟ်ဟု အလိုင်ဟိဝစလ္လမ်) အမိန့်ရှိတော်မူသည်။ အကယ်၍ အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ)သည် (မိမိ၏) ဗန္ဒဟ်ကျေးကျွန်တစ်ဦးဦးအားချစ်ခင်နှစ်သက်လာလှင် ထိုသူအား လောကီ(အနှောင်အဖွဲ့) မှ ဤသို့ ဖယ်ရှားထားသည်။ အဘယ်သို့ဟူမူ အသင်တို့သည် မိမိတို့၏ အနာရောဂါအား ရေမထိမိစေရန် ရှောင်ဖယ်နေကြ သကဲ့သို့ပင်ဖြစ်သည်။ (တွဗ်ရာနီ)

၉။ တမန်တော်ကို ချစ်လျှင်

         ဟဇ၇သ် စအီးဒ်ဗင်န်အဗီစအီးဒ်(ရဒွိယလ်လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ ဟဇရသ် အဗူစအီးဒ်ခွဒ်ရီ (ရဒွိယလ်လာဟုအန်ဟု) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) အား မိမိ၏ မရှိဆင်းရဲမှုအခက်အခဲနှင့် လိုအပ်ချက်များအား တင်ပြလျှောက်ထားရာ တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟု အလိုင်ဟိဝစလ္လမ်) က အမိန့်၇ှိတော်မူသည်။ အဗူစအီးဒ် သည်းခံမျိုသိပ်နေပါ။ အသင်တို့ထဲမှ အကြင်သူသည် ငါတမန်တော်မြတ်ကို အချစ်ထားခဲ့လျှင်မြင့်မားသော တောင်ကြားလျှိုမြောင်မှ၊ ၎င်းမြင့်မားသော် တောင်ထိပ်မှ ထိုရေသည် အရှိန်အဟုန်ဖြင့် အလျင်အမြန် စီးဆင်းလာသကဲ့သို့ပင် ထိုသူ့အပေါ်သို့ မရှိဆင်းရဲနွမ်းပါးမှုသည်လည်း အလျင်အမြန်ဆိုက်ေ၇ာက်လာမည်ပင်ဖြစ်သည်။

၈။ တမန်တော်၏ ဒိုအာ

ဟဇရသ် အဗူစအီးဒ်( ရဒွိယလ်လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟ် အလိုင်ဟိဝစလ္လမ်) ဤသို့ အမိန့်ရှိသည်ကို ကြားခဲ့သည်။
အဓိပ္ပါယ်။        ။အို အလ္လာဟ်၊ ကျွန်တော်မျိုးအား သူဆင်ရဲအဖြစ်နှင့် အသက်ထင်ရှားထားပေးသနားတော် မူပါ။ သူဆင်းရဲအဖြစ်နှင့်ပင် ဤလောက မှ စွန့်ခွာခွင့် ပြုပေးသနားတော်မူပါ။ ကျွန်တော်မျိုးအား ဟရှရ်ကွင်းပြင် ၌ သူဆင်းရဲများနှင့်အတူ ထားပေးသနားတော်မူပါ။(ဟာကင်မ်)

Saturday, February 15, 2014

၇။နေမင်းကဲ့သို့ ထွန်းလင်းတောက်ပ

ဟဇ၇သ်အဗ်ဒွိလ္လာဟ်ဗင်န်အမ်ရ်ဗင်န်းအားဆွ်(ရဒွိယလ်လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်)  အမိန့်ရှိတော်မူသည်။ ကိယာမသ်နေ့တွင့် ငါ၏အွမ္မသ်ထဲမှ အချို့သူတို့သည် နေမင်းကဲ့သို့ ထွန်းလင်းတောက်ပသောအဖြစ်နှင့် လာရောက်ကြရမည်။ထိုအခါကျွန်ုပ်တို့က ယာရစူလလ္လာဟ်(ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) ၊ထိုသူများသည် အဘယ်သူများဖြစ်ကြပါသနည်းဟု မေးမြန်းလျှောက်ထားကြရာ တမန်တော်မြတ်(ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) က အမိန့်ရှိတော်မူသည်။ ထိုသူများသည် မရှိဆင်းရဲသား မုဟာဂျစ်ရ်များဖြစ်သည်။ ၎င်းတို့အား ခက်ခဲ့ပင်ပန်းသောလုပ်ငန်းများတွင် ရှေ့တန်းတင်ထား၍ ၎င်းတို့၏ အကြောင်းခံဖြင့် (ဤခက်ခဲမှုများမှ) ကျော်လွှားကြရသည်။ ၎င်းတို့အထဲမှ တစ်စုံတစ်ယောက်သည် ကွယ်လွန်သွားလျှင် ထိုသူ၏ လိုအင်ဆန္ဒများသည် ၎င်းသူ၏ ရင်ထဲ၌သာ ကျန်ရစ်ခဲ့သည်။ နေရာ အသီးသီမှ ဤသူများကို ခေါ်ယူစုရုံးစေမည်ဖြစ်သည်။

(မွတ်စ်နဒ်အဟ်မဒ်)

၆။အားလုံးထက်အလျင် ဂျန္နသ်ဝင်ရမည့်သူ

ဟဇ၇သ် အဗ်ဒွလ္လာဟ်ဗင်န်အမ်၇်(ရဒွိယလ်လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) က အမိန့်ရှိတော်မူသည်။ အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ)၏ အဖန်ဆင်းခံများထဲမှ အဘယ်သူသည် အားလုံးထက်အလျင် ဂျန္နသ်ထဲသိုပ ဝင်ရောက်ရမည်ကိုသိကြပါသလောဟု မေးမြန်းတော်မူရာ ဆွဟာဗဟ် (ရဒွိယလ်လာဟုအန်ဟွမ်) များက အလ္လာဟ် (စွဗ်ဟာနဟူဝသအာလာ) နှင့် အလ္လာဟ့်ရစူလ်ကသာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားလျှောက်ထားကြသည်။ ထိုအခါ အမိန့်ရှိတော်မူသည်မှာ (မုဟာဂျစ်ရ်) မဒီနာသို့ ပြောင်းရွှေ့လာကြသူများ အနက် မရှိဆင်းရဲသားများသည် အားလုံးထက်အလျင် ဂျန္နသ်သို့ဝင်ရောက်ကြရပေမည်။ ယင်းတို့၏ အကြောင်းခံဖြင့် (ဒီန်း) နယ်နိမိတ်ကို ကာကွယ်မှုရယူ၏။ ခက်ခဲမှု ကြုံလာသောအခါ ၎င်းတိုကို ရှေ့တန်းတင်ပြီး အကာအကွယ်ရယူကြ၏။ ၎င်းတို့ထဲမှ တစ်စုံတစ်ဦးသည် ကွယ်လွန်သွားခဲ့လျှင် ထိုသူ၏ လိုအင်ဆန္ဒဟူသမျှသည် ၎င်း၏ ရင်ဘက်ထဲ၌သာ ကျန်ရစ်ခဲ့ကြရသည်။ ထိုသူသည် နောက်ဆုံးအချိန်အထိ ဤဆန္ဒကို ဖြည့်ဆည်းနိုင်ခွင့်မရခဲ့ရှာပေ။ အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ) သည် (ကိယာမသ်နေ့တွင်) ဖရစ်ရှ်သဟ်များက ထိုသူများထံသွား၍ စလာမ်ပေး နှုတ်ခွန်းဆက်သရန် အမိန့်ပေးမည်။ ထိုအခါ ဖရစ်ရှ်သဟ်များက (အံ့သြလျက်) လျှောက်ထားကြသည်မှာ အို ကျွန်တော်မျိုးတို့အား မွေးမြူဖန်ဆင်းတော်မူတော်အရှင်၊ ကျွန်တော်မျိုးတို့သည် မိုးကောင်းကင်၌ နေထိုင်ကြရသော အရှင်မြတ်၏ အကောင်းဆုံး အဖန်ဆင်းခံများဖြစ်ကြပါသည်။ (သို့ပါလျက်) အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ထိုသူများထံသွား၍ စလာမ်ဆိုကြရန် အမိန့်ပေးသလော။ (ဤသို့ အမိန့်ပေးခြင်းသည် အဘယ်ကြောင့်ပါသနည်း) ထိုအခါ အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ) ကအမိန့်ရှိတော်မူမည်။ ဤသို့အမိန့်ပေးခံရခြင်းအကြောင်းမှာ ဤသူများသည် ငါအ၇ှင်မြတ်၏ ဤသို့သော ဗန္ဒဟ်ကျေးကျွန်များဖြစ်ကြသည်။ ယင်းတို့သည် ငါအရှင်မြတ်တစ်ပါးကိုသာ ယုံကြည်ကိုးကွယ်ကြသည်။ ငါအရှင်မြတ်နှင့်တွဲဖက်၍ အခြားမည်သည့်အ၇ာကို မျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုကြ။ ယင်းတို့၏ အကြောင်းခံဖြင့် နယ်စပ်တစ်လျှောက်ကို ထိန်းသိမ်းကြရသည်။ ခက်ခဲသောလုပ်ငန်းများတွင် (၎င်းအားရှေ့တန်းထား၍) ၎င်းတို့၏ အကြောင်းခံဖြင့် ကျော်လွှားခဲ့ကြရသည်။ ထို့အပြင် ၎င်းတို့အထဲမှ တစ်စုံတစ်ယောက်သည်ကွယ်လွန်သွားလျှင် ထိုသူ၏လိုအင်ဆန္ဒများသည် ၎င်း၏ရင်ထဲ၌သာ ကျန်ရစ်ခဲရသည်။ ထိုသူသည် ဤဆန္ဒကို ပင် ဖြည့်စွမ်းနိုင်ခြင်းမရရှိခဲ့ချေ။ ထို့နော်က ဖရစ်ရှ်သာဟ်များသည် ထိုသူတို့ထံသို့ တံခါးပေါက်ဟူသရွေ့မှ ဝင်ရောက်၍ ဤသို့နှုတ်ခွန်းဆက်သကြမည်။ အသင်တို့ (ဆွဗရ်) သည်းခံမျိုသိပ်ခဲ့ကြသည့်အတွက်ကြောင့် အသင်တို့အပေါ်သို့ (စလာမသ်) ငြိမ်းချမ်းသာယာမှုအပေါင်းသက်ေ၇ာက်ပါစေ။ ဤလောကတွင် အသင်တို့ ရရှိခံစားကြရမည်ဖြစ်သော အကျိုးအမြတ်သည် အဘယ်မျှမွန်မြတ်လှပါဘိသနည်း။ 
(အိဗ်နေဟိဗ်ဗာန်)

Thursday, February 13, 2014

၅။ ပြင်းထန်သော စာရင်းအင်းစစ်ဆေးမှု

ဟဇ၇သ် အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ်(ရဒွိယလ်လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) အမိန့်တော်မူသည်။ ကိယာမသ်နေ့တွင် အသင်တို့အားလုံးကို စုရုံးစေပြီးသောအခါ ကြွေးကြော် စေတော်မူသည်။ ဤအွမ္မသ်ထဲမှ မ၇ှိဆင်းရဲကျောမွဲသူတို့အဘယ်နည်း။ ဤကြွေးကြော်မှုအပေါ် ထိုမရှိဆင်းရဲသားတို့ ထရပ်ကြသည်။ ထိုအခါ ၎င်းတို့အား အသင်တို့မည်သည့်ကောင်းမှုများကို ပြုကျင့်ခဲ့ပါသနည်းဟု မေးမြန်းတော်မူရာ ၎င်းတို့က ကျွန်တော်မျိုးတို့အရှင်၊ အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ) က ကျွန်တော်မျိုးတို့ကို စမ်းသပ်ခဲ့ရာ ကျွန်တော်မျိုးတို့ ဆွဗ၇် သည်းခံမျိုသိပ်ခဲ့ကြပါသည်။ အရှင်မြတ်က ကျွန်တော်မျိုးတို့မှလွဲ၍ အခြားသူတို့ကိုမူ ဥစ္စာပစ္စည်းနှင့် အာဏာချီးမြှင့်ခဲ့ပါသည်ဟု ဖြေကြားလျှောက်ထားကြမည်။ ထိုအခါ အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ) က အသင်တို့ အမှန်အတိုင်းလျှောက်တင်ကြသည်ဟု ဖြေကြားတော်မူသည်။ တမန်တော်မြတ်( ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) က အမိန့်ရှိတော်မူသည်။ သို့ဖြစ်၍ ၎င်းသူဆင်းရဲတို့သည် လူအားလုံးထက်စော၍ အလျင်ဦးစွာ ဂျန္နသ်သို့ ဝင်ေ၇ာက်ကြပေမည်။ ထို့နောက်မှသာ ပြင်းထန်သော စာရင်းအင်းစစ်ဆေးမှုသည် ဥစ္စာရှင်များနှင့် အာဏာရှင်များအတွက် ကျန်ရစ်နေမည်ဖြစ်သည်။
(အိဗ်နေဟိဗ်ဗာန်)

Tuesday, February 11, 2014

၎။ နှစ်ပေါင်း (၅၀၀) စော၍ ဂျန္နသ်သို့ဝင်၇မည်

ဟဇ၇သ်အဗူ ဟု၇ိုင်၇ဟ်(၇ဒွိယလ်လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အမိန့်ရှိတော်မူသည်။ သူဆင်း၇ဲသည် ချမ်းသာကြွယ်ဝသူထက် နေ့တစ်ဝက်စော၍ ဂျန္နသ်သို့ဝင်ေ၇ာက်၇ပေမည်။ ထိုနေ့တစ်ဝက်၏ ပမာဏသည် နှစ်ပေါင်း(၅၀၀) နှင့် ညီမျှပေသည်။ (သစ်၇်မေဇီ)

ရှင်းလင်းချက်။   ။ပထမဟဒီးစ်တော်တွင် သူဆင်းရဲသည် ချမ်းသာသူတက် နှစ်ပေါင်း(၄၀)စော၍ ဂျန္နသ်သို့ ဝင်ေ၇ာက်၇မည်ဟု အမိန့်ထားရှိသည်။ ဤသည်မှာ ချမ်းသာကြွယ်ဝသူေ၇ာ မ၇ှီ ဆင်းရဲနွမ်းပါသူ နှစ်ဦးလုံး၌ပင် ဥစ္စာပစ္စည်း၏ တပ်မက်စိတ်ရှိနေသောကြောင့် ဖြစ်ပေသည်။ ယခု ဤဟဒီးစ်၌မူ နှစ်ပေါင်း(၅၀၀) စော၍ ဂျန္နသ်သို့ဝင်ေ၇ာက်၇မည်ဟု အမိန့်ရှိထားပေသည်။ဤနေ၇ာတွင်မူ မ၇ှိဆင်း၇ဲသာတွင် ဥစ္စာပစ္စည်း၏ လောဘတပ်မက်စိတ်ကင်းပြီး ချမ်းသာကြွယ်ဝသူ၌မူ လောဘတပ်မက်စိတ်ရှိနေသောကြောင့် ဖြစ်ပေသည်။
(ဂျာမေအုလ်အိုစူလ်)

၃။ နှစ်ပေါင်း(၄၀)စော၍ ဂျန္နသ်ဝင်၇မည်

ဟဇ၇သ် ဂျာဗိ၇်ဗင်န်အဗ်ဒွလ္လာဟ်(၇ဒွိယလ်လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အမိန့်ရှိတော်မူသည်။ မွတ်စ်လင်မ်သူဆင်းရဲသည် ချမ်းသာသော မွတ်စ်လင်မ်ထက် နှစ်ပေါင်း (၄၀)စော၍ ဂျန္နသ်သို့ ဝင်ေ၇ာက်ရပေမည်။
(သစ်၇်မေဇီ)

၂။ မုအ်မင်န်တစ်ဦး၏ ဂုဏ်သိက္ခာ

ဟဇ၇သ် အိဗ်နေအဗ္ဗာစ်(ရဒွိယလ်လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကအ်ဗဟ်ကျောင်းတော်အား မော့ကြည့်၍ အံ့သြစွာဖြင့် ဤသို့အမိန့်ရှိခဲ့သည်။ အိုကအ်ဗဟ်၊ အသင်သည် အဘယ်မျှကောင်းလှပါဘိသနည်း။ ၎င်းပြင်အသင့်အား အဘယ်မျှတိုင် ဂုဏ်ပြုလေးစားခံထိုက်ပါသနည်း။ သို့၇ာတွင် မုအ်မင်န်တစ်ဦး၏ ဂုဏ်သိက္ခာ ၎င်းလေးစားထိုက် ခြင်းမှာမူ အသင့်ထက်သာပိုပေသည်။ အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ)သည် အသင့်အား လေးစားထိုက်သူ အဖြစ်သတ်မှတ်ထားတော်မူသည်။ ဤကဲ့သို့ပင် မုအ်မင်န်တစ်ဦး၏ ဥစ္စာပစ္စည်း၊ သွေးနှင့် ဂုဏ်သိက္ခာတို့ကိုလည်း လေးစားဂုဏ်ပြုထိုက်သော အဆင့်အတန်းမျိုး၌ သတ်မှတ်ဖန်ဆင်းပေးတော်မူထားပေသည်။ ဤကဲ့သို့ အဆင့်အတန်းမြင့်မားမူ့ကြောင့် ကျွန်ုပ်တို့သည် မုအ်မင်န် တစ်ဦးနှင့်ပတ်သတ်၍ အနည်းငယ်မျှပင် မကောင်းထင်မိခြင်းကိုပင် ဟရာမ်အဖြစ်သတ်မှတ်ထားပေသည်။
(သွဗ်၇ာနီ)

၁။လူများကိုလေးစားစွာဆက်ဆံ၇န်

ဟဇ၇သ် အာအေရှဟ်(၇ဒွိယလ်လာဟုအန်ဟာ) က အမိန့်ရှိသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကျွန်မကို လူများအား ၎င်းတို့၏ ဂုဏ်သိက္ခာအဆင့်အတန်းကို ထောက်ညှာပြီး လေးစားစွာ ဆက်ဆံ၇န်အမိန့်ပေးခဲ့သည်။
(မွတ်စ်လင်မ်)

ကုရ်အာန်၏အာယသ်တော်များ(၄)

ထို့နောက် ငါအရှင်မြတ်သည် မိမိကျွန်များအနက်မှ ငါအရှင်မြတ်ေ၇ွးချယ်တော်မူသောသူတို့အား ဤကျမ်းဂန်ကို အမွေအဖြစ်ချီးမြှင့်ပေးသနားတော်မူ၏။(၃၅:၃၂)

ကုရ်အာန်၏အာယသ်တော်များ(၃)

သိုဖြစ်ပေ၇ာ မုအ်မင်န် သက်ဝင်ယုံကြည်သူဖြစ်သောသူသည် အမိန့်တော်ကို ဖီဆန်သောသူ (ကာဖိရ်) ကဲ့သို့ဖြစ်ပါသလော။ (အလျဉ်းမဟုတ်) ၎င်းတို့သည် မတူညီကြပေ။ (အလ်စဂ်ျဒဟ် ၃၂:၁၈)

ကုရ်အာန်၏အာယသ်တော်များ(၂)

အကြင်သူသည် သူသေဖြစ်နေခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ထိုသူအား ရှင်စေတော်မူခဲ့၏။ ငါအရှင်မြတ်သည် ထိုသူအဖို့ အီမာန်တည်းဟူသော လင်းေ၇ာင်ခြည်ကို ပြုပေးတော်မူခဲ့၏။ ထိုသူသည် ထိုအလင်းေ၇ာင်နှင့်တကွ လူတို့တွင် သွားလာလျက်ရှိ၏။ ထိုသူသည် အမှောင်ထု၌ နစ်မွန်း၍ ထိုအမှောင်ထုထဲမှ မထွက်နိုင်ဘဲလျက်ရှိနေသောသူနှင့် တူနိုင်ပါမည်လော။ ဤနည်းအတိုင်းပင် ကာဖစ်၇်သွေဖယ်ငြင်းပယ်သောသူတို့၏ အမြင်၌ ၎င်းတို့၏ အပြုအမူတို့ကို လှပတင့်တယ် အောင်ပြုထားပြီး ဖြစ်ချေသတည်း။ (စူ၇ာဟ်အလ်အန်အာမ် ၆:၁၂၂)

ကုရ်အာန်၏အာယသ်တော်များ(၁)

မွတ်ရှ်ရစ်က်ယောက်ျားအား အဘယ်မျှပင် နှစ်သက်သော်ငြားလည်း အသင့်တို့အဖို့ မုအ်မင်န်ကျွန်က မုချသာပို၍ မြတ်၏။(အလ်ဗက၇ဟ် ၂:၂၂၁)
မွန်သခဗ်ဟဒီစ်း                                                             မွတ်စလင်များအားဂုဏ်ပေးလေးစားခြင်း
                                          မွတ်စလင်များအားဂုဏ်ပေးလေးစားခြင်း
  အလ္လာဟ်(စွဗ်ဟာနာသအာလာ)၏ ဗန်ဒါကျေးကျွန်များနှင့်ပတ်သတ်၍ အလ္လာဟ်(စွဗ်ဟာနာသအာလာ) ၏အမိန်.တော်များကို တမန်တော်မြတ် (ဆွ)၏နည်းစနစ်အတိုင်း ပြည့်စုံသောဆောင်ရွက်ခြင်းနှင့် မွတ်စလင်ဖြစ်ခြင်းအပေါ် အထူးဂုဏ်ပြုလေးစားခြင်းဖြစ်သည်။