Wednesday, March 12, 2014
၁၆။ ဂျန္နသီ နှင့် ဂျဟန္နမီ
ဟဇရသ် ဟာရေစဟ်ဗင်န်ဝဟဗ်(ရသွေ့) က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွ) ဤသို့အမိန့်တော်ရှိတော်မူသည်ကို ကြားခဲ့ရသည်။ ဂျန္နသ်ရရှိမည့်သူ (ဂျန္နသီ) ဟူသည် အဘယ်သူဖြစ်သည်ကို အသင်တို့အား ငါတမန်တော်မပြသရပေဘူးလားဟု မေးမြန်းတော်မူသည်။ ပြီးနောက်ကိုယ်တော်မြတ်(ဆွ) ကပင် ဖြေကြားမိန့်ဆိုတော်မူသည်မှာ အားအင်ချည့်နဲ့သူ တိုင်း ဆိုလိုသည်မှာ ပေါင်းသင်းဆက်ဆံကြရာ၌ ကြမ်းတမ်းမာကြောမှုမရှိဘဲ ရိုကျိုးသူ ၊ ၎င်းအပြင် နူးညံ့သိမ်မွေ့သူများဖြစ်ကြသည်။ ဤအတွက်ကြောင့်ပင် လူအများကလည်း ဤသူများကို အားအင်ချည့်နဲ့သူများဟု ထင်မြင်ယူဆနေကြသည်။ (ဤသူများသည် အလ္လာဟ်(စွဗ်ဟာနာသအာလာ) နှင့်မူ ဤသို့ဆက်သွယ်မှုရရှိထားကြသည်) အကယ်၍ ထိုသူများသည် ကိစ္စတစ်ခုနှင့် ပတ်သတ်၍ အလ္လာဟ်(စွဗ်ဟာနာသအာလာ) ၏ ကစမ်ဟု ကျိန်ဆိုခဲ့လျှင် (ဆိုလိုသည်မှာ ဤကိစ္စသည် ဤသို့ပင်ဖြစ်သည်ဟု)အလ္လာဟ်(စွဗ်ဟာနာသအာလာ) သည် ၎င်းတို့ ကျိန်ဆိုထားသောကစမ်၏ အိဇ်ဇသ်ကို ထိန်းပြီး ၎င်းသူဆိုခဲ့သော စကားကို မုချဧကန်ဖြည့်စွမ်းပေးတော်မူလိမ့်မည်။ ၎င်းနောက် ဂျဟန္နမ်ကျမည့်သူ အဘယ်သူဖြစ်သည်ကို ငါတမန်တော်မပြသရပေဘူးလားဟု မေးတော်မူ၍ (တမန်တော်မြတ် (ဆွ)ကိုယ်တိုင်ပင် ဖြေကြားမိန့ှ်ဆိုတော်မူသည်မှာ စေးနှဲတွန့်တိုပြီး ဥစ္စာပစ္စည်းရှာဖွေစုဆောင်းသူတိုင်းနှင့် ကြမ်းတမ်းမာကြောသော အခ်လာက်အကျင့်အမူရှင်များ ၊ ၎င်းပြင် မာနထောင်လွှာ သူများဖြစ်ကြသည်။ (ဗုခါရီ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment