ဟဇရသ် အနတ်စ်ွ်(ရဒွိယလ်လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အမိန့်ရှိတော်မူသည်။ ရှုပ်ပွနေသောဆံပင်၊ဖုန်လူးပေနေသော အ၀တ်စားနှင့်ဟောင်းနွမ်းစုတ်ပြတ်နေသော စောင်ကို ခြုံထားသောသူ၊လူအများ၏ တံခါးဝမှ နှင်ထုတ်ခြင်းခံရသောသူများ၊အကယ်၍သာ(ထိုသူများသည်) အလ္လာဟ်(စွဗ်ဟာနာဝသအာလာ)(အပေါ် ယုံကြည်အားကိုးပြီး) တစ်စုံတစ်ရာကို ကစမ်ကျိန်ဆို ခဲ့လျှင် အလ္လာဟ်(စွဗ်ဟာနာဝသအာလာ)သည် မုချဧကန် ထိုကျိန်ဆိုထားသော ကစမ်ကို ပြည့်ဝစေလိမ့်မည်။(သွဗ်ရာနီ)
ရှင်းလင်းချက်။ ။ ဤဟဒီးဆ်တော်၏ ဆိုလိုချက်မှာ အလ္လာဟ်(စွဗ်ဟာနာ ၀သအာလာ) ၏ အချို့သောဗန္ဒဟ်ကျေးကျွန်များကို ၎င်းတို့၏ပေနေသော အ၀တ်အစား၊ရှုပ်ပွနေသောဆံပင်များကို ကြည့်ပီး မိမိထက်အဆင့်အတန်းနိမ့်ကျသူဟု မယူဆသင့်ချေ။ အကြောင်းမှာ ဤသို့နေထိုင်ဝတ်စား ကြသူများထဲတွင် အလ္လာဟ်(စွဗ်ဟာနာ ၀သအာလာ) ၏ သီးခြားသော ဗန္ဒဟ်ကျေးကျွန်များလည်း ပါဝင်ကြသောကြောင့်ဖြစ်ပေသည်။ သို့ရာတွင် ဤဟဒီးဆ်က လူအများအား ဤသို့ရှူပ်ပွသောဆံပင်၊ညစ်ပေနေသောအ၀တ်အစားများနှင့် နေထိုင်ကြရန် တိုက်တွန်းထားခြင်းမဟုတ်ချေ။ (မအာရေဖွလ်ဟဒီးဆ်)
No comments:
Post a Comment