Saturday, February 15, 2014

၆။အားလုံးထက်အလျင် ဂျန္နသ်ဝင်ရမည့်သူ

ဟဇ၇သ် အဗ်ဒွလ္လာဟ်ဗင်န်အမ်၇်(ရဒွိယလ်လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) က အမိန့်ရှိတော်မူသည်။ အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ)၏ အဖန်ဆင်းခံများထဲမှ အဘယ်သူသည် အားလုံးထက်အလျင် ဂျန္နသ်ထဲသိုပ ဝင်ရောက်ရမည်ကိုသိကြပါသလောဟု မေးမြန်းတော်မူရာ ဆွဟာဗဟ် (ရဒွိယလ်လာဟုအန်ဟွမ်) များက အလ္လာဟ် (စွဗ်ဟာနဟူဝသအာလာ) နှင့် အလ္လာဟ့်ရစူလ်ကသာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားလျှောက်ထားကြသည်။ ထိုအခါ အမိန့်ရှိတော်မူသည်မှာ (မုဟာဂျစ်ရ်) မဒီနာသို့ ပြောင်းရွှေ့လာကြသူများ အနက် မရှိဆင်းရဲသားများသည် အားလုံးထက်အလျင် ဂျန္နသ်သို့ဝင်ရောက်ကြရပေမည်။ ယင်းတို့၏ အကြောင်းခံဖြင့် (ဒီန်း) နယ်နိမိတ်ကို ကာကွယ်မှုရယူ၏။ ခက်ခဲမှု ကြုံလာသောအခါ ၎င်းတိုကို ရှေ့တန်းတင်ပြီး အကာအကွယ်ရယူကြ၏။ ၎င်းတို့ထဲမှ တစ်စုံတစ်ဦးသည် ကွယ်လွန်သွားခဲ့လျှင် ထိုသူ၏ လိုအင်ဆန္ဒဟူသမျှသည် ၎င်း၏ ရင်ဘက်ထဲ၌သာ ကျန်ရစ်ခဲ့ကြရသည်။ ထိုသူသည် နောက်ဆုံးအချိန်အထိ ဤဆန္ဒကို ဖြည့်ဆည်းနိုင်ခွင့်မရခဲ့ရှာပေ။ အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ) သည် (ကိယာမသ်နေ့တွင်) ဖရစ်ရှ်သဟ်များက ထိုသူများထံသွား၍ စလာမ်ပေး နှုတ်ခွန်းဆက်သရန် အမိန့်ပေးမည်။ ထိုအခါ ဖရစ်ရှ်သဟ်များက (အံ့သြလျက်) လျှောက်ထားကြသည်မှာ အို ကျွန်တော်မျိုးတို့အား မွေးမြူဖန်ဆင်းတော်မူတော်အရှင်၊ ကျွန်တော်မျိုးတို့သည် မိုးကောင်းကင်၌ နေထိုင်ကြရသော အရှင်မြတ်၏ အကောင်းဆုံး အဖန်ဆင်းခံများဖြစ်ကြပါသည်။ (သို့ပါလျက်) အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ထိုသူများထံသွား၍ စလာမ်ဆိုကြရန် အမိန့်ပေးသလော။ (ဤသို့ အမိန့်ပေးခြင်းသည် အဘယ်ကြောင့်ပါသနည်း) ထိုအခါ အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ) ကအမိန့်ရှိတော်မူမည်။ ဤသို့အမိန့်ပေးခံရခြင်းအကြောင်းမှာ ဤသူများသည် ငါအ၇ှင်မြတ်၏ ဤသို့သော ဗန္ဒဟ်ကျေးကျွန်များဖြစ်ကြသည်။ ယင်းတို့သည် ငါအရှင်မြတ်တစ်ပါးကိုသာ ယုံကြည်ကိုးကွယ်ကြသည်။ ငါအရှင်မြတ်နှင့်တွဲဖက်၍ အခြားမည်သည့်အ၇ာကို မျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုကြ။ ယင်းတို့၏ အကြောင်းခံဖြင့် နယ်စပ်တစ်လျှောက်ကို ထိန်းသိမ်းကြရသည်။ ခက်ခဲသောလုပ်ငန်းများတွင် (၎င်းအားရှေ့တန်းထား၍) ၎င်းတို့၏ အကြောင်းခံဖြင့် ကျော်လွှားခဲ့ကြရသည်။ ထို့အပြင် ၎င်းတို့အထဲမှ တစ်စုံတစ်ယောက်သည်ကွယ်လွန်သွားလျှင် ထိုသူ၏လိုအင်ဆန္ဒများသည် ၎င်း၏ရင်ထဲ၌သာ ကျန်ရစ်ခဲရသည်။ ထိုသူသည် ဤဆန္ဒကို ပင် ဖြည့်စွမ်းနိုင်ခြင်းမရရှိခဲ့ချေ။ ထို့နော်က ဖရစ်ရှ်သာဟ်များသည် ထိုသူတို့ထံသို့ တံခါးပေါက်ဟူသရွေ့မှ ဝင်ရောက်၍ ဤသို့နှုတ်ခွန်းဆက်သကြမည်။ အသင်တို့ (ဆွဗရ်) သည်းခံမျိုသိပ်ခဲ့ကြသည့်အတွက်ကြောင့် အသင်တို့အပေါ်သို့ (စလာမသ်) ငြိမ်းချမ်းသာယာမှုအပေါင်းသက်ေ၇ာက်ပါစေ။ ဤလောကတွင် အသင်တို့ ရရှိခံစားကြရမည်ဖြစ်သော အကျိုးအမြတ်သည် အဘယ်မျှမွန်မြတ်လှပါဘိသနည်း။ 
(အိဗ်နေဟိဗ်ဗာန်)

No comments:

Post a Comment